။ နံနက်ခင်းသြဝါဒကထာ (စကား) ။

။ နေ့တိုင်း မိမိရဲ့အတွင်းစိတ်ကို ပြုပြင်ဖြစ်ရဲ့လား။ ။ လိုချင်မှုစိတ်တွေ လျော့ပါးကြရဲ့လား။ ။ ဖြစ်ချင်မှုစိတ်တွေ ပိုတိုးပွားနေကြပါသေးလား။ ။ သင့်မှာ ဘာအတွက်နဲ့ စိုးရိမ်စိတ်တွေ ဖြစ်နေပါသေးလဲ။ ။ နေ့တိုင်းကို စိတ်ချမ်းသာမှု အပြည့်အဝရပါရဲ့လား။ ။ သင့်အတွက် အခက်အခဲက ဘာတွေပါလဲ။ ။ နေ့စဉ်ဆင်ခြင်အပ်တဲ့တရားက မိမိရရသိနေပြီလား။ ။ အလိုမကျတဲ့စိတ်အတွေးလေးတွေ တွေးမိတတ်ပါသေးလား။ ။ ယှဉ်ပြိုင်ရမှကျေနပ်တဲ့စိတ်တွေ ဖြစ်နေသေးသလား။ ။ တစ်နေ့တာအတွက် ဆင်ခြင်စရာတရားကို ပွားများသိမြင်ပါစေ။ တောင်ကလေးဆရာတော် (၁၇.၁၁.၂၀၂၂) ရက်နေ့။